+ +
+ +
+

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းသမား သုံးဦး အာမခံရ

+ +
+
+
+
+
    +
  • 26 အောက်တိုဘာ 2018
  • +
+
+ +
+
+
+ +
+
+ + + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + + + ဓာတ်ပုံ မူပိုင် + Khin Mg Win (Shwe Inn Thar) + + + +
+ Image caption + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + +
+ +

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ အဖမ်းခံထားရတဲ့ အလဲဗင်းသတင်းစာတိုက်က တာဝန်ခံအယ်ဒီတာ နှစ်ယောက် နဲ့ သတင်းထောက်ချုပ်တို့ကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်မှာ တာမွေမြို့နယ်တရားရုံးက သတင်းသမားတစ်ယောက်စီကို ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်ပြီလို့ အမှုမှာရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က အတည်ပြုပြောပါတယ်။

သူတို သုံးဦးလုံးဟာ အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ခဲ့တဲ့ Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာပါဝင်တဲ့ ကလောင်အမည် ဖြိုးဝေရဲ့ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ " ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

+ + + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + + + ဓာတ်ပုံ မူပိုင် + Khin Maung Win (Shwe Inn Thar) + + + +
+ Image caption + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + +
+ +

'ဒီကနေ့ ရုံးချိန်းကို တရားလိုဘက်က လာရောက်တာမရှိခဲ့ဘူး။ တရားခွင်မှာ တရားသူကြီးက တာဝန်ခံအယ်ဒီတာ ကိုနရီမင်း၊ ကိုကျော်ဇောလင်း၊ နဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေ၀င်း တို့ကို အာမခံပေးခဲ့တယ်။ ဒါပေမယ့် သူတို့ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ စွဲဆိုထားတာကိုတော့ ရုပ်သိမ်းတာ မရှိခဲ့ပါဘူး' လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။

အလဲဗင်းသတင်းသမားတွေကို တရားစွဲဆိုထားတဲ့ ၅၀၅ (ခ) ပုဒ်မအမှုနဲ့ ပတ်သတ်လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီး တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ လိုတယ်လို့ သမ္မတကလည်း ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

+ + + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + + + ဓာတ်ပုံ မူပိုင် + Khin Mg Win (Shwe Inn Thar) + + + +
+ Image caption + + တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ + +
+ +

ဒီအမှုကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်း၊ ဌာန၊ ပုဂ္ဂိုလ် ဟာ အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ မီဒီယာဥပဒေပုဒ် ၂၂ အရ မီဒီယာကောင်စီက နှစ်ဘက်တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

မီဒီယာကောင်စီကတော့ လက်ရှိ တာမွေတရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အမှု ပြီးပြတ်ကာမှ ဆက်လက် ဆောင်ရွက်လို့ရမယ်လို့ ပြောထားပါတယ်။

+
+
+
+

ဆက်စပ် အကြောင်းအရာများ

+ +
+ + + + + +
+
+ + + +
+

+ + ဗီဒီယို သတင်းများ +

+
+ +
+ +
+
+
+ ဂါနာက ဖုန်းလိုင်းကောင်းတဲ့ သစ်ပင် + + +
+
+
+

ဂါနာက ဖုန်းလိုင်းကောင်းတဲ့ သစ်ပင်

+ +
+
+ + +
+ +
+
+
+ ဂျပန် + + +
+
+
+

အချစ် အတွက် တော်ဝင် မင်းသမီး ဘွဲ့ကိုစွန့်လွှတ်သူ

+ +
+
+ + +
+ +
+
+
+ Aung San Oo + + +
+
+
+

တရားဥပဒေကို မှန်မှန်ကန်ကန် ဆုံးဖြတ်သွားနိုင်ဖို့က အရေးကြီးတယ် - ဦးအောင်ဆန်းဦး

+ +
+
+ + +
+ +
+
+
+ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု လူ ၁ဝဝ ကျော် သေဆုံး + + +
+
+
+

အင်ဒို လေယာဉ်ပျက်ကျမှု လူ ၁ဝဝ ကျော် သေဆုံးလို့ ယူဆ

+ +
+
+ + +
+ +
+
+
+ Keyframe #1 + + +
+
+
+

အိန္ဒိယ က ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး

+ +
+
+ + +
+ +
+
+
+ ပိုက်ဗုံးပို့သူ မိထားပြီ + + +
+
+
+

ပိုက်ဗုံးပို့သူ မိထားပြီ

+ +
+
+ + +
+ +
+
+
+ မြန်မာ့စပါးအုံးကို လာစိန်ခေါ်တဲ့ အာရပ်ကမ္ဘာက ချန်ပီယံ + + +
+
+
+

မြန်မာ့စပါးအုံးကို လာစိန်ခေါ်တဲ့ အာရပ်ကမ္ဘာက ချန်ပီယံ

+ +
+
+ + +
+ +
+
+
+ ထရမ့် ဝေဖန်သူတွေအိမ် ဖောက်ခွဲရေး ပစ္စည်းတွေရောက် + + +
+
+
+

ထရမ့် ဝေဖန်သူတွေအိမ် ဖောက်ခွဲရေး ပစ္စည်းတွေရောက်

+ +
+
+ + +
+ +
+
+
+ မွတ်ဆလင် သန်းကျော် ထိန်းသိမ်းထားတဲ့ စခန်း + + +
+
+
+

မွတ်ဆလင် တသန်းကျော် ထိန်းသိမ်းထားတဲ့ စခန်း

+ +
+
+ +
+
+ + + + +
+